Tuesday, November 13, 2007

Friday, November 17, 2006

My own world to share with you

တစ်ခါကလူတစ်ဦးသည်မမျှော်လင့်ဘဲပိုးအိမ်တစ်အိမ်ကိုတွေ့လေသည်။ရက်များမကြာမီထိုပိုးအိမ်ထိပ်တွင်အပေါက်ငယ်တစ်ပေါက်ကိုသူသတိပြုမိသည်။ပိုးအိမ်ထဲမှလိပ်ပြာလေးတစ်ကောင်သည်သူ၏သေးငယ်သောခန္ဓာကိုယ်ကိုအားပြု၍ထိုအပေါက်မှအပြင်သို့ရောက်ရှိနိုင်ရန်ကြိုးစားရုန်းကန်နေသည်ကို စိတ်ဝင်စားစွာ သူရပ်ကြည့်နေမိသည်။
သို့သော် အချိန်သာကုန်သွားသည်။ လိပ်ပြာလေးမှာ ကြိုးစား ရုန်းထွက်နေသော်လည်း အရာ မရောက်ခဲ့ပေ။ထိုအခါထိုသူမှာ လိပ်ပြာလွယ်ကူစွာ ထွက်လာနိုင်ရန် အပေါက်အား ကပ်ကြေးဖြင့်ညုပ်ပေးလိုက်သည်။လိပ်ပြာမှာအပြင်သို့လွယ်ကူစွာ ထွက်လာနိုင်သော်လည်း သူ၏ပုံသဏ္ဍာန်မှာ အခြားလိပ်ပြာ များနှင့် ကွဲပြားနေသည်။ ခန္ဓာကိုယ်မှာ ကြီး
ထွားနေပြီး တောင်ပံမှာ သေးငယ်နေသည်။ ထိုသူသည် အခြားလိပ်ပြာများနှင့် အသွင်ကွဲနေသော ထိုလိပ်ပြာကို ရပ်
ကြည့်နေမိသည်။ လိပ်ပြာ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း သေးသွားပြီး တောင်ပံမှာ တဖြည်းဖြည်း သန်မာလာကာ
ပျံသန်းနိုင်မည်ဟု သူထင်ထားသောကြောင့်ဖြစ် သည်။သို့သော် လိပ်ပြာငယ်မှာ ကြီးမားသောခန္ဓာကိုယ်နှင့် သေးငယ်
သော အတောင်ပံဖြင့် မြေကြီးပေါ်တွင် သာ တွားသွားနေရသည်။ လုံးဝ ပျံသန်းနိုင်ခြင်း မရှိတော့ပေ။

လိပ်ပြာသည် အပြင်သို့ရောက်ရန် ထိုအပေါက်မှ ဖြည်းဖြည်းချင်း အားပြုထွက်ရမည်ကို စိတ်ထားကောင်းသော ထိုသူ
မသိခဲ့ပေ။ ထိုသို့ အချိန်ယူရုန်းထွက်မှ လိပ်ပြာ၏ ခန္ဓာကိုယ်ထဲရှိ အရည်များသည် ဖိအားကြောင့် အတောင်ပံသို့
ပျံ့နှံ့သွားမည်ဖြစ်သည်။ ထိုမှ အပြင်သို့ရောက်လျှင် သန်မာသော တောင်ပံတစ်စုံအဖြစ် ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
ဤသည်က သဘာဝတရား၏ ထူးဆန်းသော ဖွဲ့စည်းမှုဖြစ်သည်။ လိပ်ပြာလေး ပိုးအိမ်အတွင်းမှ ဖြည်းဖြည်းချင်း
အားနှင့် ရုန်းထွက်ခြင်းသည် အပြင်လောကတွင် အားမာန်နှင့် ပျံသန်းနိုင်ရန် ကြိုတင်ပြင်ဆင်မှုဖြစ်သည်။

ဘ၀တွင် ကြိုးစားရုန်းကန်ခြင်းသည် ကျွန်တော်တို့အတွက် ရှိသင့်သည်။ အကယ်၍ လောကကြီးတွင် လုပ်လိုက်
သမျှအရာတိုင်း အဆင်ပြေ ချောမွေ့နေလျှင်၊ လိုချင်သမျှ အလွယ်တကူဖြစ်အောင် ဖန်တီးပေးထားလျှင်ကျွန်တော်တို့သည် ကြိုးစားချင်မည် မဟုတ်။ ဘ၀သည် ကြီးပြင်း ရင့်ကျက်လာမည်မဟုတ်ပေ။ အခက်အခဲ၊ဆုံးရှုံးမှုများကြားကြိုးစားရုန်းထွက်ခြင်းသည်ဘ၀၏အောင်မြင်မှုအတွက်အကောင်းဆုံး အတွေ့အကြုံဖြစ်သည်။ သားသမီးများကို ဆုံးမလမ်းညွှန်ရာတွင် ကျွန်တော်တို့သည် ပိုးအိမ်ကို ညုပ်သောသူအဖြစ်အလွယ်တကူရောက်ရှိသွားနိုင်သည်။

ဘာကြောင့် အိမ်တွင်ကိုယ်တိုင်ပျိုးသော ပဲပင်ပေါက်များသည် ဈေးထဲရောင်းသော ပဲပင်ပေါက် များထက်သေးငယ်ပြီး
ရေဓာတ်နည်းနေသလဲ..ဟု တညနေ၏ မိသားစုစုံညီ ထမင်းဝိုင်းတွင် ညီမငယ်လေးကမေးသည်။ ကျွန်မနှင့်မေမေမှာ
ပေါက်ပေါက်ရှာရှာ မေးတတ်သော ညီမလေး၏ မေးခွန်းကို မဖြေတတ်ခဲ့ပါ။ ဖေဖေက ဤသို့ရှင်းပြသည်။

အိမ်၌ ပဲပင်ပေါက်ပျိုးရာတွင် မေမေက ရေစိမ်ထားသော ပဲစေ့များကို ခြင်းတောင်းတစ်ခုတွင်ထည့်ပြီး အပေါ်တွင်အ၀တ်စ (သို့) ကောက်ရိုးတို့ဖြင့် အုပ်လိုက်သည်။ ထိုကြောင့် ပေါက်လာသော ပင်ပေါက်များမှာ သေးငယ်နေသည်။ တတ်ကျွမ်းသောသူများ ပဲပင်ဖောက်ရာတွင် ဤကဲ့သို့မဟုတ်။ ခြင်းအပေါ်တွင် အ၀တ်စ၊ကောက်ရိုးအစား မှန်ချပ်(သို့)အတန်ငယ်လေးသော ပလပ်စတစ်ပြားများဖြင့် ဖိထားသည်။ ပဲစေ့မှ အညှောင့်စပေါက်လာသည်နှင့်လေးသောအရာဝတ္ထု၏ ဖိခြင်းကိုခံရသည်။ ထိုအခါ ပင်ပေါက်လေးများသည် ထိုလေးသောအရာကိုအပေါ်သို့မြင့်တင်နိုင်ဖို့ ကိုယ်တိုင်က သန်မာတုတ်ခိုင်ရမည်ကြောင်း သိသည်။ ပင်ပေါက်များသည်ဖိထားသောအရာကိုတစ်ပြေးညီအပေါ်သို့တညီတညွတ်တည်း မြှောက်တင်ကြသည်။ အကယ်၍ တစ်ဘက်တည်းသာ မြှောက်တင်လျှင် အခြားတစ်
ဘက်မှ ပင်ပေါက်များသည် လေးသောအရာဖြင့် ဖိထားခြင်းခံရပြီး အပင်ပေါက် ကြီးထွားလာတော့မည် မဟုတ်ပေ။
ဖိအားသည် သန်မာရှင်သန်ဖို့အတွက် အစဖြစ်သည်။ ပဲပင်ပေါက်များကို စားသုံးရတွင် သန်မာသောပင်ပေါက်များကို
တွေ့ခဲ့ပါလျှင် ထိုသို့သန်မာအောင် မည်မျှအဖိခံခဲ့ရသည်ကို သတိပြုပါလေ

Copy from "Ninenine Sanay - Blog"